ဝ ပြည်နယ်မြို့တော် ပန်ဆန်းဌာနချုပ်ရှိ အာဇာနည်ကျောက်တိုင် နှင့် ၀ ရဲဘော်များ
နအဖ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိနှင့် အဖွဲ့ ၀ ဒေသအတွင်း လက်နက်ဖြုတ်သိမ်းခံရ
အင်္ဂါနေ့၊ 27 ဇန်န၀ါရီ 2009 သျှမ်းသံတော်ဆင့်
ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် အဖွဲ့ ပန်ဆန်းသို့အသွား မိုင်းပေါက်တွင် ၀ နယ်
၎င်းတို့ပါလာသော လက်နက်ကြီးများကို ဖြုတ်သိမ်းထားကြောင်း တရုပ်နယ်စပ်
ယခုလ ၁၇ - ၁၈ ရက် စစ်ဘက်ရေးရာလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့်အဖွဲ့
ဝ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက်ဆွေးနွေးရန်
၄၆၈ ၀ နယ်ခြားလုံခြုံရေးအဖွဲ့က ၎င်းင်းအဖွဲ့ပါလာသော
အကွာရှိ မိုင်းပေါက်မှ ဖြတ်သန်း
ဗိုလ်ချုပ် မင်းအောင်လှိုင် အထူးဒေသ ၄ တပ်မဟာ ၃၆၉ ဆီလူး နဲ့ အထူးဒေသ ၂ တပ်မဟာ ၄၆၈
ဌာနချုပ် မိုင်းပေါက်ဘက်လာ မယ်လို့ သတင်းကြားထား ပေမဲ့ မလာဖြစ်ဘူး။ အခုလာသွားတဲ့
ဒုဗိုလ် ချုပ်ကြီးရဲမြင့်နဲ့အဖွဲ့ကို လည်း မိုင်းပေါက်ရှိ ၀ အဖွဲ့က သူတို့ပါလာတဲ့ လက်နက်ကြီး တွေ
ပန်ဆန်းကိုပေးမယူသွားဘူး လို့ပြောတယ်။ ပစ္စတိုတချို့ကိုဘဲယူသွားခွင့်ပေးတယ်”-ဟုဆို၏။
ပန်ဆန်းသို့ရောက်သွားသော စရဖ လုံခြုံရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် ၀ ထိပ်ပိုင်းခေါင်းဆောင်များ
နှင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ဆွေးနွေးညှိနှိုင်းခြင်းမရသောကြောင့် စရဖ မှူးကြီး အမျက်ဒေါသထွက်ကာ
မိုင်းကာ၊ မိုင်းခတ် မှ တဆင့် ကျိုင်းတုံဘက်သို့ ပြန်ဆင်းသွားကြောင်း၊ လတ်တလော ၀ နှင့် နအဖ ကြား ဆက်ဆ
ံ
ရေးပိုမိုတင်းမာလာနေကြောင်း၎င်းကဆက်ပြောပြ၏။
“၀ တပ်ဖွဲ့ပြန်လည်ဖွဲ့စည်းပြီး နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်အောက်မှာ နေဖို့ စစ်အစိုးရကိုယ်စားလှယ်
တွေက ဆန္ဒရှိတာကို ၀အဖွဲ့ကလက်မခံဘူး။ အခုအခြေအနေက ပိုပြီးတင်းမာလာတယ်။ ၀ ဘက် က ပြင်ဆင်မှု
တွေ ပိုလုပ် လာတယ်လို့ပြောရမှာဘဲ”-ဟုဆို၏။
အရှေ့မြောက်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်သန်းထွဋ်ကလည်း သျှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း
ဝ တပ်ဖွဲ့တွေ ကိုပြင်ဆင်ဖွဲ့ စည်းဖို့ သွားရောက်တွေ့ဆုံ ဖိအားပေးခဲ့ရာ မအောင်မြင်သောကြောင့် စစ်သည်
၂၀၀- ၃၀၀ ခန့် ပို့၍ အင်အားပြ ခြိမ်းခြောက် ခဲ့သေးကြောင်း၊ အတည်မပြုနိုင်သေးသောသတင်းအရ ၀ နှင့်
နအဖ ကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေကြောင်း ဆိုပါသည်။
No comments:
Post a Comment